ဒညင်းသီး စားပြီး အဆိပ်တက်ခြင်းကို လျော့နည်းအောင် ပြုလုပ်နည်း
28-Feb-2017
ဒေါက်တာ ခင်မောင်လွင်၏ ဟောပြောချက်တွင် ဒညင်းသီးကို ဓာတ်ခွဲ သုတေသန ပြုကြည့်သောအခါ လူကို အကျိုးပြုသည့် မည်သည့် အာဟာရမျှ မပါဝင်ဟု ဆိုသည်။ ၎င်းတွင် ပါဝင်သော ဖန်ချောင်းကဲ့သို့သော ကလာပ်စည်း များသည် ကျောက်ကပ်တွင် သွားပြီး ပိတ်နိုင်သဖြင့် အန္တရာယ်ရှိသည်။ ကျောက်ကပ် ပျက်စီးစေနိုင်သည်။ စားသင့် သည့် အသီး မဟုတ်။ အတိုင်းအတာ မရှိ။ လုံးဝ မစားသင့်သော အသီးမျိုး ဖြစ်သည်ဟု တင်ပြထားသည်။ သို့သော် ဒညင်းသီးကို မြန်မာတို့ စားသုံးခဲ့သည်မှာ နှစ်ပေါင်း ၂ဝဝ ကျော်ခဲ့ပြီဟု သိရှိရသည်။
ဒညင်းသီးကို ကြိုက်သူများ အတွက် တင်ပြလိုသည်မှာ မြန်မာ့ရိုးရာ ဆေးပညာ ရှု့ထောင့်များအရ စေးထန် ပျစ်ချွဲသော အာပေါအာဗန္ဓရ အစာဖြစ်သည်။ အာကာသကို ပျက်စေသဖြင့် အပေါက်အခေါင်းများကို ပိတ်စေနိုင်သော အစာ ဖြစ်သည်။ ထိုအစာကို စားလျှင် အာကာသ ပွင့်စေတတ်သော အစာနှင့်တွဲဖက်စားသင့်သည်။
ဒညင်းသီးပြုတ်ကို တို့စရာများအဖြစ် စားလျှင် အဖြေဓာတ်အဖြစ် ရှောက်ရွက် အနည်းငယ်ကို တို့စားပေးပါ။ ပိတ်သော အာကာသဓာတ်ကို ပြန်ပွင့်အောင် ကူညီပေးနိုင်သည်။ ဒညင်းသီး ပြုတ်လျှင် သကြား အနည်းငယ်နှင့် ရှောက်ရွက် ထည့်ပြီးပြုတ်ပါ ။ နူးလွယ်ပြီး အဖန်ဓာတ်၊ အစေးဓာတ် လျော့နည်း စေသည်။ ဒညင်းသီးကို ရင့်သည့် အသီးရှောင်ပြီး နုသော အသီးများကို ထက်ခြမ်းခွဲပြီး ဖန်ပုလင်းတွင် ထည့်ပြီး ဆားရည်စိမ် ထားပါ။ အာကာသ ပိတ်ခြင်း၊ ကျောက်ကပ်တွင် အစေးဓာတ် ပိတ်ဆို့ခြင်းမှ ကာကွယ်နိုင်ပါသည်။ ထမင်း စားသောအခါ ကြိုက်တတ်၍ ဒညင်းသီးများများ စားမိလျှင်ဖြစ်စေ၊ ဒညင်းသီး အုန်းနို့ဆမ်း စားမိလျှင် ဖြစ်စေ၊ စားပြီးပြီးချင်း သံပုရာဖျော်ရည် Post Createတစ်ခွက်သောက်ပေးပါ။ အဆိပ် မတက်စေနိုင်သော အဖြေဓာတ်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Hnin Hmone Hmone (ကျန်းမာရေး အသိပညာများ မျှဝေရာ)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

